အဖေနဲ့ အမေ
အကျိုးတော်ဆောင်
လောကဘောင်မှာ
ရင်ဝယ်ပျိုးလောင်း
မေတ္တာဆောင်းကာ
ဒုက္ခလည်းချို
သောကလည်းပျော်
ဝေဒနာတွေ
အဖော်ပြုလို့
ကျွန်မတို့မောင်နှမတွေအတွက်
ဘ၀တွေပေးခဲ့တယ်နော်
ကျေးဇူးပါ
အဖေနဲ့အမေ
လက်မငယ်မှ
လက်သန်းသွယ်
ကျန်အဖော်တွေ
မောင်နှမချည်းပဲ
ဘယ်ညီမ ဘယ်ညီ
ဖေမေတို့ဆီမှာ
နားလည်မှုလွဲ
မစာနာခဲ့လည်း
ဘယ်ချိန်ဘယ်မဆို
ရော့ဖေမေ
တစ်ပြားတစ်ချပ်
မပေးနိုင်လဲ
စိတ်ထဲအမြဲ
ဖေမေ စိတ်ချမ်းသာဖို့အရေး
သား တွေးတောမြဲပါ
အဖေနဲ့ အမေရယ်.....။
jamesaisaiမှတ်စု
စာဖတ်သူ သူငယ်ချင်းများအားကြိုဆိုပါတယ်
Wednesday, May 2, 2012
အတူနေကြမယ်
............အတူနေကြမယ်............
အဝေးဆိုတဲ့စကား
နားထဲမှာခါးလွန်းလို့
အိမ့်မက်မက်ရင်တောင်
ခေါင်းထလျှော်မိခဲ့တဲ့ကိုယ်
ခုတော့ မင်းနဲ့အဝေးမှာ
ခွဲနေရတော့မယ်နော်..
ဆန်းကြယ်တဲ့ကံတရားက
ိုကိုယ်နဲ့မင်းကိုဆော့ကစားနေတယ်လေ၊
စိတ်မောစရာအလွမ်း
စိတ်ပျက်စရာသတိရခြင်းတွေကြား
သိပ်ချစ်တာတွေမေ့ပြီး..
စိတ်ညစ်စရာတွေကြုံလာတဲ့ တစ်နေ့
မင်းကိုယ့်ကိုမေ့သွားမှာလား ခလေးရယ်
စိုးရိမ်တယ်..မင်းကို
စိတ်မချဘူး..မာယာများတဲ့လူတွေကြားထဲ
စိတ်ပူတယ်ကိုယ့်ကိုထားသွားခဲ့မှာကို
သ၀န်တိုတယ်မင်းဘ၀လေးထဲ
ကိုယ်ဆိုတဲ့လူသားတစ်ယောက်က
နေရာအပြည့်မရနိုင်တာကို...
စိတ်ချမင်းစိတ်မပျော်ရင်တောင်
မင်းစိတ်မပျက်စေရဘူးနော်
မင်းလူမချမ်းသာရင်တောင်
စိတ်မဆင်းရဲစေရဘူး.
ကိုယ်တို့ပြန်တွေ့ကြတဲ့အခါ..
မင်းမှတ်မိသေးမယ်ဆိုရင်ပေါ့လေ..။ ။
အဝေးဆိုတဲ့စကား
နားထဲမှာခါးလွန်းလို့
အိမ့်မက်မက်ရင်တောင်
ခေါင်းထလျှော်မိခဲ့တဲ့ကိုယ်
ခုတော့ မင်းနဲ့အဝေးမှာ
ခွဲနေရတော့မယ်နော်..
ဆန်းကြယ်တဲ့ကံတရားက
ိုကိုယ်နဲ့မင်းကိုဆော့ကစားနေတယ်လေ၊
စိတ်မောစရာအလွမ်း
စိတ်ပျက်စရာသတိရခြင်းတွေကြား
သိပ်ချစ်တာတွေမေ့ပြီး..
စိတ်ညစ်စရာတွေကြုံလာတဲ့ တစ်နေ့
မင်းကိုယ့်ကိုမေ့သွားမှာလား ခလေးရယ်
စိုးရိမ်တယ်..မင်းကို
စိတ်မချဘူး..မာယာများတဲ့လူတွေကြားထဲ
စိတ်ပူတယ်ကိုယ့်ကိုထားသွားခဲ့မှာကို
သ၀န်တိုတယ်မင်းဘ၀လေးထဲ
ကိုယ်ဆိုတဲ့လူသားတစ်ယောက်က
နေရာအပြည့်မရနိုင်တာကို...
စိတ်ချမင်းစိတ်မပျော်ရင်တောင်
မင်းစိတ်မပျက်စေရဘူးနော်
မင်းလူမချမ်းသာရင်တောင်
စိတ်မဆင်းရဲစေရဘူး.
ကိုယ်တို့ပြန်တွေ့ကြတဲ့အခါ..
မင်းမှတ်မိသေးမယ်ဆိုရင်ပေါ့လေ..။ ။
ဘာမဆိုင်ညာမဆိုင်နဲ့
ဘာမဆိုင်ညာမဆိုင်နဲ့
မိုက်ကယ်ဂျက်ဆင်တစ်ယောက်သေတုန်းက
မျက်ရည် လည်ဖူးတယ်
ဘာမဆိုင်ညာမဆိုင်နဲ့
အိုစမာဘင်လာဒင်သေသွားတုန်းကလဲ
ဝမ်းနည်းဖူးတယ်
ဘာမဆိုင်ညာမဆိုင်နဲ့
ဟိုး အမြင့်ပေါ်က ပန်းတစ်ပွင့်ကြွေတာကြည့်ပြီး
မျက်ရည်ကျဖူးတယ်..
ဘာမှမဆိုင်ခဲ့ပေမယ့် အတွေးထဲမှာ
ဆက်နွယ်လာတိုင်း ဝမ်းနည်းခဲ့ရတယ်ချစ်သူရယ် ...။
မိုက်ကယ်ဂျက်ဆင်တစ်ယောက်သေတုန်းက
မျက်ရည် လည်ဖူးတယ်
ဘာမဆိုင်ညာမဆိုင်နဲ့
အိုစမာဘင်လာဒင်သေသွားတုန်းကလဲ
ဝမ်းနည်းဖူးတယ်
ဘာမဆိုင်ညာမဆိုင်နဲ့
ဟိုး အမြင့်ပေါ်က ပန်းတစ်ပွင့်ကြွေတာကြည့်ပြီး
မျက်ရည်ကျဖူးတယ်..
ဘာမှမဆိုင်ခဲ့ပေမယ့် အတွေးထဲမှာ
ဆက်နွယ်လာတိုင်း ဝမ်းနည်းခဲ့ရတယ်ချစ်သူရယ် ...။
ငါ့ကို
ခြေသုတ်တစ်ခုလိုသဘောထားကာ
နင်းချေလိုက်ပါ........
အ၀တ်စုတ်တစ်ခုလိုလည်း
ချောင်ထိုးထားလိုက်ပါ........
ထင်းတစ်ချောင်းလိုငါ့အသဲကို
ထက်ခြမ်းခွဲလိုက်ပါ......
ညစ်ပတ်တဲ့နှပ်ချေးလို
အဝေးကိုပြစ်ထုတ်လိုက်ပါ.....
လှောင်စာဆီလိုသတ်မှတ်ပြိး
ငါ့ဘ၀ကိုမီးရှို့လိုက်ပါ......
ချစ်ခဲ့မိတဲ့စိတ်လေးတစ်ခုနဲ့
အရာအားလုံးကိုငါကျေနပ်တယ်
နောက်ဆုံးမှာငါ့ကိုအရုပ်လေးတစ်ရုပ်လိုလိုသလို
အသုံးချခဲ့ရင်တောင်
ငါကျေနပ်စွာ
ကြည်ဖြူနေမှာပါ
အသုံးတော်ခံခဲ့မှာပါ
နင်းချေလိုက်ပါ........
အ၀တ်စုတ်တစ်ခုလိုလည်း
ချောင်ထိုးထားလိုက်ပါ........
ထင်းတစ်ချောင်းလိုငါ့အသဲကို
ထက်ခြမ်းခွဲလိုက်ပါ......
ညစ်ပတ်တဲ့နှပ်ချေးလို
အဝေးကိုပြစ်ထုတ်လိုက်ပါ.....
လှောင်စာဆီလိုသတ်မှတ်ပြိး
ငါ့ဘ၀ကိုမီးရှို့လိုက်ပါ......
ချစ်ခဲ့မိတဲ့စိတ်လေးတစ်ခုနဲ့
အရာအားလုံးကိုငါကျေနပ်တယ်
နောက်ဆုံးမှာငါ့ကိုအရုပ်လေးတစ်ရုပ်လိုလိုသလို
အသုံးချခဲ့ရင်တောင်
ငါကျေနပ်စွာ
ကြည်ဖြူနေမှာပါ
အသုံးတော်ခံခဲ့မှာပါ
Saturday, April 28, 2012
ဒူဘိုင်းမှ အံ့မခန်း အားကစားမြို့တော်
ပုံမှာမြင်တွေ့နေရတာကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ တည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ အားကစားမြို့တော်
(Sport City) ဖြစ်ပါတယ်။ ခရစ်ကတ်ကစားကွင်း။ ။ ပွဲကြည့်စင်မှ ထိုင်ခုံအလုံးရေ ၂၅၀၀၀။
(ဘောလုံး၊ Rugby, ပြိုင်ကွင်း စသည်ဖြင့်) စွယ်စုံသုံး အမိုးပွင့်ကစားကွင်း ။ ထိုင်ခုံအလုံးရေ ၆၀၀၀၀။
(ဘတ်စကတ်ဘော၊ ဟော်ကီ၊ ဗော်လီဘော၊ လက်ပစ်ဘောလုံး၊ netball, ရေခဲဟော်ကီ၊ ဖျော်ဖြေရေးစင်တာ စသည်ဖြင့်
အသုံးပြုနိုင်သော) မိုးလုံလေလုံ ကစားကွင်း။ ။ ထိုင်ခုံအလုံးရေ ၁၀၀၀၀။
အမိုးပွင် ဟော်ကီကွင်း။ ။ ထိုင်ခုံ ၅၀၀၀။
နိုင်ငံတကာ ဂေါက်သီးအားကစားဆိုင်ရာ သံတမန် Ernie Els ကိုယ်တိုင် ဒီဇိုင်းဆွဲဖန်တီးပေးထားသော ၁၈ ကျင်းရှိ
ကမ္ဘာ့အဆင့်ဂေါက်ကွင်း (လောင်းကစားရုံပါပူးတွဲ ပါရှိပြီး) ဒူဘိုင်း Sport City တည်ဆောက်မှု ကုန်ကျစရိတ်ကတော့
အမေရိကန်ဒေါ်လာ ၄ ဘီလီယျံရှိတယ်လို့ သိရပါတယ်။
မြန်မာချစ်သူများဆိုဒ်မှပြန်လည်ဖော်ပြထားပါတယ်။။ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်
(Sport City) ဖြစ်ပါတယ်။ ခရစ်ကတ်ကစားကွင်း။ ။ ပွဲကြည့်စင်မှ ထိုင်ခုံအလုံးရေ ၂၅၀၀၀။
(ဘောလုံး၊ Rugby, ပြိုင်ကွင်း စသည်ဖြင့်) စွယ်စုံသုံး အမိုးပွင့်ကစားကွင်း ။ ထိုင်ခုံအလုံးရေ ၆၀၀၀၀။
(ဘတ်စကတ်ဘော၊ ဟော်ကီ၊ ဗော်လီဘော၊ လက်ပစ်ဘောလုံး၊ netball, ရေခဲဟော်ကီ၊ ဖျော်ဖြေရေးစင်တာ စသည်ဖြင့်
အသုံးပြုနိုင်သော) မိုးလုံလေလုံ ကစားကွင်း။ ။ ထိုင်ခုံအလုံးရေ ၁၀၀၀၀။
အမိုးပွင် ဟော်ကီကွင်း။ ။ ထိုင်ခုံ ၅၀၀၀။
နိုင်ငံတကာ ဂေါက်သီးအားကစားဆိုင်ရာ သံတမန် Ernie Els ကိုယ်တိုင် ဒီဇိုင်းဆွဲဖန်တီးပေးထားသော ၁၈ ကျင်းရှိ
ကမ္ဘာ့အဆင့်ဂေါက်ကွင်း (လောင်းကစားရုံပါပူးတွဲ ပါရှိပြီး) ဒူဘိုင်း Sport City တည်ဆောက်မှု ကုန်ကျစရိတ်ကတော့
အမေရိကန်ဒေါ်လာ ၄ ဘီလီယျံရှိတယ်လို့ သိရပါတယ်။
မြန်မာချစ်သူများဆိုဒ်မှပြန်လည်ဖော်ပြထားပါတယ်။။ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်
Labels:
သတင်းများ
Friday, April 27, 2012
ဟောင်းနွမ်း တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ် တင်သွင်းခွင့်ပြုမည်
ဟောင်းနွမ်း တက္ကစီများအား လဲလှယ်ကာ အသစ်တင်သွင်းခွင့်ပြု သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။
အိုမင်းဟောင်းနွမ်းနေသည့် တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ်တင်သွင်းခွင့်ပြုရာတွင် လက်ရှိ ကားဟောင်းများကို အပ်နှံကာ အစားထိုး တင်သွင်းခွင့်ပြုသည့် မော်ဒယ်များအတိုင်း တင်သွင်းရန် ခွင့်ပြုပေးသွားမည်ဟု သိရှိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ဟောင်းနွမ်းနေတဲ့ တက္ကစီတွေကို လဲလှယ်ခွင့်ပြုဖို့ကတော့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပါပြီ။ လက်ရှိ ကားဟောင်းတွေကို လဲလှယ်ပေးတဲ့အခါ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ မော်ဒယ်အတွင်း ကားတွေ ပြန်တင်သွင်းခွင့်ပြုထား တယ်။ တက္ကစီတွေကိုလည်း ဒီအတိုင်းပဲ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် မော်ဒယ်အတွင်းကားတွေပြန်တင်သွင်း ခွင့်ပြုဖို့ကတော့ ကနဦး စီစဉ်ထားပါတယ်။ တခြား အသေးစိတ်အချက် အလက်တွေကတော့ စီစဉ်နေဆဲပဲဖြစ် ပါတယ်။ ဘယ်တော့ စမယ်၊ ဘယ်လို ကားတွေကို လဲလှယ်ခွင့်ပြုမယ်ဆိုတာ မျိုးကတော့ ထပ်ပြီး စီစဉ်နေဆဲပါ''ဟု ပြောကြားခဲ့ပါသည်။
လက်ရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးအချို့တွင် ပြေးဆွဲနေသည့် တက္ကစီယာဉ်များထဲတွင် မြန်မာနိုင်ငံ၌ ယာဉ်မှတ်ပုံတင်ထားသည့် သက်တမ်းသည်ပင် နှစ် ၂၀ နီးပါး အထိရှိနေသည့် ယာဉ်အများအပြား ပါဝင်ပြီး အချို့အငှားယာဉ်များမှာ နံပါတ်သာမြင့်နေကာ ကားမှာလက်ရှိ အပ်နှံခွင့်ပြုထားသည့် ကားထက်ပင် ဆိုးဆိုးရွားရွား ဟောင်းနွမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ဟောင်းနွမ်းကာ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော အငှား ယာဉ်များသည် စီးနင်းသည့် ခရီး သည်အပြင် အခြားယာဉ်များကိုပင် အန္တရာယ်ဖြစ်စေခြင်း၊ ယာဉ်သွား လာမှုများပြားသည့် လမ်းမအလယ် တွင် မကြာခဏကားပျက်မှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားစေခြင်းများ ဖြစ်ပေါ်စေသည်။
တက္ကစီများအား အစားထိုးလဲ လှယ်ခွင့်ပြုရာတွင် မီတာစနစ်ကဲ့သို့ အချည်းအနှီး အလဟဿမဖြစ်စေဘဲ နိုင်ငံတကာကဲ့သို့ စနစ်ကျသည့် အငှားယာဉ် ကဏ္ဍမျိုးဖြစ်စေရန် ယခုကတည်းက စီစဉ်ဆောင်ရွက်သင့်ကြောင်း လေ့လာထားသူများက ပြောကြားခဲ့ကြပါသည်။
''အစကောင်းမှ အနှောင်း သေချာမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ တစ်ခုလုပ်တိုင်း နောက်ကလိုက်ပြင်ခဲ့ရတဲ့ အချည်းအနှီးဖြစ်သွားတဲ့ ကဏ္ဍတွေ အများကြီးပါ။ နောက်ဆုံးပြည်သူပဲ ထိခိုက်တဲ့ ကဏ္ဍတစ်ခုကို ပြောပြမယ်။ တက္ကစီတွေအားလုံး မီတာတပ်ရမယ်ဆိုပြီး ကျပ်နှစ် သောင်းလောက်တန်တဲ့ မီတာကို ကျပ်နှစ်သိန်းနဲ့ အတင်းတပ်ခိုင်းတယ်။ ပြီးတော့ တပ်ပေးတဲ့ ကုမ္ပဏီပဲ ထောသွားတယ်။ တပ်လိုက်ရတဲ့ တက္ကစီပိုင်ရှင်တွေလည်းကုန်၊ မီတာ စနစ်တပ်လိုက်ရလို့ဆိုပြီး အများပြည်သူ ကားငှားစီးခလည်း ဈေးမကျတဲ့ အပြင် ပိုပေးလိုက်ရတယ်မဟုတ်လား။ အဲဒီလို တက်လိုက်တဲ့ ကားငှားခက အခုထိ ဒီနှုန်းအတိုင်း ပြန်မကျတော့ဘူး။ နောက်ဆုံးပြည်သူပဲ ခံရတယ်။ ဒါကိုသတိပြုပြီး အခုတက္ကစီတွေ လဲလှယ်ခွင့်ပြုတဲ့အခါ နိုင်ငံတကာမှာရှိတဲ့ တက္ကစီကဏ္ဍလို တစ်ခါတည်း ပြုပြင်ပြောင်းလဲသင့်တယ်။ အခုလို အိမ်စီးကားတွေ လဲလှယ်ခွင့်ပေးထားတဲ့ အခွန်စနစ်မျိုးအတိုင်း ကောက်မယ်ဆိုရင်တော့ ဒီအစီအစဉ်ဟာ အချည်းအနှီးပဲဖြစ်သွားလိမ့်မယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က စီအင်န်ဂျီ ပြဿနာပါ။ အခုလက်ရှိ တက္ကစီအစုတ်အပြတ်တစ်စီးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၁၄၀ ၀န်းကျင် အနည်းဆုံးရှိတယ်။ စီအင်န်ဂျီ ကြောင့်ပါ။ ဒီကားကိုအပ်ပြီး နောက်ထပ် သိန်းတစ်ရာကျော် ၂၀၀အကုန်ခံပြီး ကားသစ်သွင်းတက္ကစီလုပ်မလား၊ လက်ရှိအတိုင်းပဲ ပေကပ်ပြီးမောင်း မလား။ အခုအပ်ခွင့်ပြုထားတဲ့ ကား ဟောင်းထဲမှာတောင် ည၊ ဒ၊ ဓ အက္ခရာ တက္ကစီတွေ ခုထိမအပ်သေးဘူး လေ။ ပြန်ရင်းရမှာက မတတ်နိုင်ကြလို့။ ကညန မှတ်ပုံတင်ကြေးလိုဟာမျိုးကို ပြင်မပေးရင်၊ စီအင်န်ဂျီကို ပြန်ပေး မယ်မပေးဘူး လုပ်နေရင်တော့ လက်ရှိ ကြုံနေရသလိုဘယ်သူမှလာမအပ်တဲ့အတွက် အစီအစဉ် မအောင်မြင်သလို အများပြည်သူ ပိုက်ဆံပေးပြီးစီးတာ တောင် ကိုယ့်အသက်နဲ့လည်း လောင်းကြေးထပ် စီးရတာမျိုး ကြုံရဦးမှာပဲ''ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အိမ်စီးကား၊ ဇိမ်ခံကားနဲ့ တန်းတူ အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်သူမှ လဲမှာမဟုတ်တဲ့အတွက် အများပြည်သူလည်း အန္တရာယ်မကင်း၊ နိုင်ငံခြား ဧည့်သည်လာရင်တောင် မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်လို့ နိုင်ငံပုံရိပ်ကိုပါ ထိခိုက်မှာပဲ။ ကညန မှတ်ပုံတင်ခကို သုညရာခိုင်နှုန်းအထိ လုပ်ပေးသင့်ပါတယ် ...
''အခုကတည်းက စနစ်တကျ လုပ်သွားသင့်တယ်။ နိုင်ငံတကာမှာ တက္ကစီတွေကို သီးသန့် သတ်မှတ်ချက်၊ သီးသန့်စနစ်တွေနဲ့ တည်ထောင်လုပ်ကိုင်ခွင့်ပြုတယ်၊ အဓိက အချက်ကတော့ အများပြည်သူ ဘေးအန္တရာယ်ကင်းတဲ့ကားမျိုး အသုံးပြုနိုင်ဖို့နဲ့ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ် ဖို့အတွက်ပါ။ အဲဒီအတွက် နိုင်ငံတကာမှာ တက္ကစီဆိုရင် ငါးနှစ်ပဲ အသုံးပြုခွင့်ပေးတယ်။ ငါးနှစ်ကျော်ရင် ပြန်လဲခိုင်းတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့အတွက် အခွန်နှုန်း သက်သာခွင့် ပြုထားတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး၊ အခွန်နှုန်းက သက်သာတယ်။ အိမ်စီးကားနဲ့ မတူဘူး၊ ဇိမ်ခံကား ၀ယ်စီးတဲ့သူနဲ့ တန်းတူမကောက်ဘူး။ အခုကျွန်တော်တို့ ဒီလို စနစ်မျိုးစလုပ်ဖို့ အခွင့်အရေး ရှိနေပြီ။ အိမ်စီးကား၊ ဇိမ်ခံကားနဲ့ တန်းတူ အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်သူမှ လဲမှာမဟုတ်တဲ့အ တွက် အများပြည်သူလည်းအန္တရာယ် မကင်း၊ နိုင်ငံခြား ဧည့်သည်လာရင် တောင် မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်လို့ နိုင်ငံပုံရိပ်ကိုပါ ထိခိုက်မှာပဲ။ ကညန မှတ်ပုံတင်ခကို သုညရာခိုင်နှုန်းအထိ လုပ်ပေးသင့်ပါတယ်။ ၂၀၀၀ စီစီ အောက်ပဲ သွင်းခိုင်းပြီး Van နဲ့ Saloon နှစ်မျိုးပဲသွင်းခွင့်ပြု။ တက္ကစီလဲပြီး သွင်းလာတဲ့ကားကို တက္ကစီအဖြစ် ရာသက်ပန် မှတ်ပုံတင်ခိုင်း။ တက္ကစီဆိုရင်အားလုံး လဲခွင့်ပေး၊ တက္ကစီအဖြစ်ပဲ မှတ်ပုံပြန်တင်ခွင့်ပြု မယ်၊ ကား Sale Center တွေ၊ Car Show Room တွေက ကိုယ်တိုင် လဲ လှယ်ဖို့အကျပ်အတည်းရှိတဲ့သူ၊ ငွေ မတတ်နိုင်တဲ့တွေကိုဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ရောင်းပေးမယ်။ တင်သွင်းတဲ့အခါမှာ အမေရိကန် ဒေါ်လာ ၅၀၀၀ ၀န်းကျင် တန်ဖိုးရှိတဲ့ ကားတွေကို အဓိက တင်သွင်းရောင်း ချမယ်ဆိုရင် အငှားယာဉ်တစ်စီးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၁၀၀ရဲ့အောက် မှာပဲရှိမှာပဲ။ ဒါဆိုရင်တော့ အများစု လဲလှယ်နိုင်သွားလိမ့်မယ်။ ဒါဆို တက္ကစီအစုတ်တွေ အကုန်လဲ လာကြလိမ့်မယ်။ နိုင်ငံတကာမှာ အဲယားကွန်းနဲ့ပဲ စီးကြတယ်။ ဒီမှာတော့ စုတ်ပြတ် သတ်နေတာလေ။ မြန်မာမီနီဆလွန်းကလည်း အဲယားကွန်းမနိုင်လို့ ဒီအတိုင်း တံခါးဖွင့်မောင်းနေရတယ်။ နိုင်ငံတကာစံချိန်လည်း မမီဘူး။ စံချိန်မမီတဲ့ကားကို ကျပ်သိန်း ၁၀၀ ကျော်ပေးပြီး အငှားယာဉ်လုပ်နေကြရလို့ တိုင်းပြည်လည်း နစ်နာတယ်။ စီးရတဲ့ပြည်သူလည်း ဈေးမသက်သာလို့ ထူးမခြားနားပါပဲ။ ဇိမ်ခံကားနဲ့ တန်းတူကောက်မယ်ဆိုရင်တော့ ဒီအစဉ်မအောင်မြင်မှာ မဟုတ်သလို အများပြည်သူပဲ ထိခိုက်ကြပါလိမ့်မယ်''ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကားတင်သွင်းသည့် ကဏ္ဍမှာ စနစ်ကျမှုလုံးဝ မရှိခဲ့၍ ယခုပြန်လည် စတင်ချိန်တွင် အိမ်စီးကား တင်သွင်းမှု၊ အများသုံးကား တင်သွင်းမှု၊ လုပ်ငန်းသုံးကား တင်သွင်းမှုများကို ယခုကတည်းက စနစ်တကျဖြင့် ဟန်ချက်ညီစွာလုပ် ဆောင်သွားသင့်ကြောင်း၊ ကားလမ်း၊ ကားပါကင်များ ပြင်ဆင်တည်ဆောက်မှု အပိုင်းကိုလည်း ကားတင်သွင်းမှုနှင့်အတူ အချိုးညီစွာ လုပ်ဆောင်သင့်ကြောင်း သုံးသပ်ကြသည်။ ''ကားနဲ့လမ်း ဟန်ချက်ညီဖို့ လိုမလို အခုရန်ကုန်မှာ လက်တွေ့ ကြုံနေရပြီ။ ရုံးတက်ချိန်ဆင်းချိန် လမ်းမကျပ်တဲ့ မီးပွိုင့် မရှိတော့ဘူး။ နေရာစုံမှာ ကားကျပ်နေတယ်။ အခု ခုံးကျော်တွေ ဆောက်နေတယ်။ ဒါတွေ မပြီးမချင်းတော့ အိမ်ကားတင်သွင်းမှုကို ခဏရပ်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့ အများပြည်သူသုံးတဲ့ကားတွေ တင်သွင်းခွင့်ပေးတာကို ဦးစားပေးသင့်တယ်။ အခုတင်သွင်းတဲ့အထဲမှာ အများသုံးတဲ့ ကားတင်သွင်းတာ မရှိ သလောက် နည်းပါးတယ်။အခုတက္ကစီတွေ လဲလှယ်ပေးတဲ့အချိန်မှာ အိမ်စီး ကားတင်သွင်းမှုကို ခဏရပ်ပြီး လမ်း၊ ကားပါကင်တွေနဲ့ ဟန်ချက်ညီအောင် ခေတ္တ ရပ်ထားသင့်တယ်။ တက္ကစီကိုတော့ မဖြစ်မနေ လဲပေးသင့်တယ်၊ အိမ်စီးကားချည်းပဲ ကောင်းနေလို့ လူနေမှုဘ၀ မြင့်မလာဘူး။ အခုအိမ်စီးကားနဲ့ အများသုံးကားသွင်းတာ ဟန်ချက်မညီဘူး။ အများပြည်သူက အစုတ်ပဲ သုံးနေရသေးသလို လမ်းနဲ့ ကားအစီးရေ မကိုက်လို့ လမ်းကျပ်တဲ့ပြဿနာကိုပါ ပြည်သူတွေ ထပ်ခံစားရတယ်။ ဒါကြောင့် လမ်းမပြီးခင် အိမ်စီးကားသွင်းတာတွေကို ခေတ္တရပ်ထားပြီး အများပြည်သူ ကောင်းကောင်း မွန်မွန်သုံးနိုင်အောင် တက္ကစီတင်သွင်းတာကိုလည်း ကညန မှတ်ပုံတင်ကြေး လျော့တာတို့၊ စီအင်န်ဂျီ ပြန်ခွင့်ပြုပေးတာတို့၊ အခွန်လျော့ပေါ့တာတို့ လုပ်ပြီး စနစ်တကျလုပ်သင့်တယ်။ ဒီလို မလုပ်ရင် အများပြည်သူပဲ ဒီအခွန်တွေကို ပေးနေရဦးမယ်။ ခုံး ကျော်တွေ မပြီးခင် အိမ်စီးကားသွင်းတာ မရပ်ရင်လည်း လမ်းကျပ်တဲ့ ပြဿနာကို မိုးတွင်းမှာ ဆိုးဆိုးရွားရွား ကြုံရနိုင်တယ်။ အိမ်စီးကားရပ်တယ်ဆိုတာ ကြေညာထားတဲ့အတိုင်း 'ပ' ပြီးတဲ့အထိ ဆောင်ရွက်၊ ပြီးရင် ခဏရပ်ထားပြီး လမ်းပြီးစီးတော့မှ အိမ်စီးကားကို ဘယ်လိုဆက်သွားမယ်ဆိုတာ စီစဉ်လုပ်ကိုင်သင့်ပါတယ်''ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
Labels:
သတင်းများ
ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
အကြောင်းစုံသိလိုပါက ဒီမှာနှီပ်ပါ
Labels:
သတင်းများ
Subscribe to:
Posts (Atom)




