Wednesday, May 2, 2012

အတူနေကြမယ်

............အတူနေကြမယ်............

အဝေးဆိုတဲ့စကား

နားထဲမှာခါးလွန်းလို့

အိမ့်မက်မက်ရင်တောင်

ခေါင်းထလျှော်မိခဲ့တဲ့ကိုယ်

ခုတော့ မင်းနဲ့အဝေးမှာ

ခွဲနေရတော့မယ်နော်..

ဆန်းကြယ်တဲ့ကံတရားက

ိုကိုယ်နဲ့မင်းကိုဆော့ကစားနေတယ်လေ၊

စိတ်မောစရာအလွမ်း

စိတ်ပျက်စရာသတိရခြင်းတွေကြား

သိပ်ချစ်တာတွေမေ့ပြီး..

စိတ်ညစ်စရာတွေကြုံလာတဲ့ တစ်နေ့

မင်းကိုယ့်ကိုမေ့သွားမှာလား ခလေးရယ်

စိုးရိမ်တယ်..မင်းကို

စိတ်မချဘူး..မာယာများတဲ့လူတွေကြားထဲ

စိတ်ပူတယ်ကိုယ့်ကိုထားသွားခဲ့မှာကို

သ၀န်တိုတယ်မင်းဘ၀လေးထဲ

ကိုယ်ဆိုတဲ့လူသားတစ်ယောက်က

နေရာအပြည့်မရနိုင်တာကို...

စိတ်ချမင်းစိတ်မပျော်ရင်တောင်

မင်းစိတ်မပျက်စေရဘူးနော်

မင်းလူမချမ်းသာရင်တောင်

စိတ်မဆင်းရဲစေရဘူး.

ကိုယ်တို့ပြန်တွေ့ကြတဲ့အခါ..

မင်းမှတ်မိသေးမယ်ဆိုရင်ပေါ့လေ..။ ။

No comments:

Post a Comment