Tuesday, April 10, 2012
နံပါတ်(၂) နှင့်ပတ်သက်၍
နံပါတ်(၂) နှင့်ပတ်သက်၍
နှစ်ထပ်ရှိမှ မှတ်မိမယ်ဆိုတဲ့စကား
မင်းအတွက်များ ထားခဲ့တာလား.....
ငါ့အသည်းကို နှစ်ကြိမ်နှစ်ခါခွဲ
မင်းအတွက်တော့
ဇိမ်ဖျာနဲ့တွဲကြည့်ရတဲ့
တိမ်သလာ အငြိမ့်ပွဲတစ်ပွဲလိုပါဘဲ
မေ့လွယ် ပျောက်လွယ် တမ်းတလွယ်ပေါ့....
ငါ့အပြင် နှစ်ယောက်မရှိဘူး ဆိုတဲ့မင်းစကား
တကယ်တော့
ငါဟာနှစ်ယောက်မြောက်ဖြစ်နေတာပါလား.....
အမြတ်တနိုး မင်းကိုတန်ဘိုးထားတဲ့
ရင်ခွင်ကိုမှ ရိုက်ချိုးရက်တယ်......
အေးပေါ့လေ
ဒီဘ၀မှာ ငါကချစ်ရတဲ့သူ
မင်းက အချစ်ခံဘဝ
လုပ်ထားဦးပေါ့ မင်းအလိုကျ.....
အလှည့်အခွင့်ရယ်ကြုံလို့
နောင်ဘ၀မှာများ ထပ်ဆုံခဲ့ရင်လေ
နံပါတ်နှစ်ရဲ့ အရသာ
အချိုမပါ အခါးသက်သက်ရယ်ဆိုတာ
မင်းသိရမှာပါ.....
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment