Wednesday, April 11, 2012

ဆူနာမီ အရေးပေါ်အခြေနေ အနီရောင်အဆင့်မှ လျှော့ချပြီ...

ဆူနာမီ အရေးပေါ်အခြေနေ အနီရောင်အဆင့်မှ လျှော့ချပြီ.. မင်္ဂလာပါ နေ့လည် ၃ နာရီကျော်က ဖြစ်ပျက်ခဲ့တဲ့ အင်ဒိုနီးရှား ၈.၇ စကေးရှိ ငလျှင်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆူနာမီ လှိုင်း အရေးပေါ် သတိပေးချက် အခြေအနေ အနီရောင်မှ လျှော့ချလိုက်ပြီ ဖြစ်ကြောင်း အန္ဒိယ သမုဒ္ဒရာ လေ့လာစောင့်ကြည့် သော အဖွဲ့အစည်းမှ လွန်ခဲ့သော ၂ နာရီကျော်က ကြော်ငြာသွားပါတယ် ။ အဆိုပါ အင်ဒိုနီးရှား ငလျှင်မှာ ပြင်းထန်သော ငလျှင်ဖြစ်ပြီး ငလျှင်ဗဟို ချက်နှင့်နှီးသော အထူးသတိထားရမည့်ဒေသ ဖြစ်သည့် အင်ဒိုနီးရှား Aceh ဒေသကမ်းရိုးတမ်းတစ်လျှောက် တစ်မီတာ ခန့်သော ဆူနာမီလှိုင်းသာ အားပျော့စွာ လာ ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်များက ထုတ်ပြန်ကြော်ငြာခဲ့ပါတယ် ။ အထက်ပါ ငလျှင်ပြင်းထန်မှု့ကြောင့် အင်ဒိုနီးရှား Aceh ဒေသတွင်း နေထိုင်သူများ အတွက်မူ မီတာ ၃၀ ကျော်မြင့် သော တောင်ကုန်ဒေသများ၊ မြင့်မားသော ဘုရားကျောင်း နေရာဒေသများသို့ ရှောင်နေကြရပြီး တောင်တက်လမ်း များတစ်လျှောက် ကားများ ပိတ်ဆို့သည်အထိ ဖြစ်ခဲ့ရသော်လည်း လိုအပ်ပါက ရှောင်နေနိုင်ဖို့ အဆင်သင့်ထားကြ ဖို့ တိုက်တွန်းထားပါတယ် ။ အထက်ပါ ငလျှင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်မှု့ အားပျော့သွားခဲ့ပြီး ဖြစ်ကြောင်း အန္ဒိယ သမုဒရာ ဆူနာမီ စောင့်ကြည့်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ပြီးသော်လည်း အချို့သော ဒေသများတွင် နောက်ထပ် နာရီအနည်းငယ် အထိ စောင့်ဆိုင်းနေကြခဲ့ကြောင်း အင်ဒိုနီးရှား သတင်းဌာနများမှ ကြော်ငြာလျှက်ရှိပါတယ် ။ ၂၀၀၄က ဖြစ်ပွားခဲ့သော လူပေါင်း ၂ သိန်းကျော်သေကြေပျက်စီးခဲ့ရတဲ့ သဘာဝ ကပ်ဆိုးရဲ့ သတိပေးမှု့ကြောင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းတည်ရှိနေသော ကမ်းရိုးတမ်း ဒေသများ ၊ နိုင်ငံများ တော်တော်များများ အထူးသတိပြုနေ ခဲ့ကြရပြီး ဆူနာမီ သတင်း များကို အမြဲမပြတ် ကြော်ငြာချက်ထုတ်ပြန်ပေးနေခဲ့ပါတယ် ။ အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံကမ်းရိုးတမ်းဒေသများ ၊ မလေးရှားနိုင်ငံကမ်းရိုးတမ်းဒေသများ ၊ ထိုင်းနိုင်ငံ ၊ မြန်မာနိုင်ငံ ၊ အန္ဒိယ နိုင်ငံများအတွက် အထူးစောင့်ကြည့်ရမယ့် အချိန်ဖြစ်ခဲ့ကြောင်းလည်း သတင်းဌာန များမှ ကြော်ငြာသွားခဲ့ပါတယ် ။ ယခု ဆူနာမီ သတိပေးချက် India Ocean Tsunami Alert အနီရောင် အရေးပေါ်အဆင့်မှာ အဝါရောင် သတိထား နေထိုင်ရမည့်အဆင့်ကို လျှော့ချလိုက်ကြောင့် ဘာသာပြန်ရင် ဆူနာမီ သတင်းကြောင့် ဖြစ်ပွားခဲ့ပုံများကို စုစည်းတင်ပြပေးလိုက်ပါတယ် ။ ငလျှင်ကြောင့် ဖြစ်ပွားခဲ့သော အင်ဒို Aceh နယ်မှ လမ်းမတစ်ခု
ငလျှင်ဘေးမှ ဖြစ်လာမည့် ဆူနာမီလှိုင်းကို ရှောက်တိမ်းနေသော အင်ဒိုနီရှား Aceh ဒေသနေရာမှမြင်ကွင်း
အိန္ဒိယ သမုဒ္ဒရာ စောင့်ကြည့်သူများမှ ဂြိုလ်တုမှတဆင့် ငလျှင်ဖြစ်ရာ ACEH ဒေသအား စောင့်ကြည့်ခဲ့ပုံ
ငလျှင်ကြောင့် အးဆွေးရှောင်တိမ်းသူများ (အင်ဒိုနီးရှား)
ထိုင်းနိုင်ငံ ဖူးခတ် ကမ်းခြေတွင်လည်း နိုင်ငံခြားခရီးသွားများ ဤသို့ရှောင်တိမ်းခဲ့ကြရသည်။
မလေးရှား နိုင်ငံ ပီနန်းကျွန်း တံတားအနီး ထင်ရှားသော Queen Bay မှဈေးဝယ်နေကြသူများ လမ်းများသို့ထွက်ပြေးခဲ့ရ
ရုပ်ရှင်ကြည့်နေကြသော Komter ပတ်ဝန်းကျင်ရှော့ပင်းမောမျာမှ လူများ ပါ ဆူနာမီကို လန့်ခဲ့ကြရသည်။
ဆက်လက်ထူးခြားပါက ဘာသာပြန်တင်ဆက်ပေးသွားပါမည်။

No comments:

Post a Comment